တန့်ယန်းမြို့နယ်တွင် ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်း ရှင်းလင်းဆွေးနွေး

တန့်ယန်း စက်တင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်က နမ့်ဟူးလွယ်ကာကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ စီမံကိန်းတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ကြမည့် တာဝန်ရှိဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                

မင်းလွင်ဦး(ပြန်/ဆက်)