ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင် စခန်းများသို့ ရောက်ရှိနေသည့် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ညောင်ဦး စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ရောက်ရှိနေသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၇ ရက်နံနက် ၁၀ နာရီအချိန်က ရေဘေးရှောင်စခန်းများသို့ ညောင်ဦးခရိုင်/မြို့နယ်တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ် စိုးရိမ်ရေမှတ်အထက်ရောက်ရှိကာ မြစ်ကမ်းဘေးနေအိမ်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မှုများရှိခဲ့ရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ် ပေးထားလျက်ရှိကြောင်း၊ အဆိုပါ ယာယီရေးဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိသည့် အမှတ်(၄)ရပ်ကွက်၊ ရှစ်မျက်နှာကျောင်းတိုက်ဝင်းအတွင်းရှိ ဆယ်ဆင်မေဓမ္မာရုံသို့ ရေဘေးခိုလှုံရောက်ရှိနေသည့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၁)ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ(၇)ရက်စာ အတွက်(၈၆၁၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်း၊ အမှတ်(၇)ရပ်ကွက် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၁)ဦးအတွက်(၂၃၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းနှင့် အမှတ်(၅) သီလှရင်စုရပ်ကွက်၊ မြသိန်းတန်ဘုရားရှိဓမ္မာရုံတွင် ရေဘေးခိုလှုံလျက်ရှိသည့် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာအတွက် (၄၆၂၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များမှ အိမ်ထောင်စု(၁၆)စုအတွက် (၁၆၀၀၀၀)ကျပ်နှင့် ရေသန့်ကဒ်များ၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၊ မက်စ်ဘူးများ၊ ဟန်းဂျယ်ဘူးများ ပေးအပ်ထောက်ပံ့ခြင်းနှင့် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ အိမ်ထောင်စု(၁၆)စုစာအတွက် (၁၆၀၀၀၀)ကျပ်နှင့် ရေသန့်ကဒ်များ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ၊ မက်စ်များ၊ ဟန်းဂျယ်ဘူးများ၊ ကလေးငယ်များအတွက် အာဟာရမုန့်ထုပ် (plumpy SUP)များ ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း