တောင်တွင်းကြီး စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်ပေးသူများ၏ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ရရှိသော ဝင်ငွေများအပေါ် အခွန်ကင်းလွတ်မှုများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော ဝင်ငွေခွန်များရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများရရှိသော ဝင်ငွေများအပေါ် ၂ % ကောက်ခံရေး အသိပေးရှင်းလင်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ကျန်းမာရေးစောင့်ရှောက်မှုပေးသူများမှရရှိသော ဝင်ငွေများအပေါ် ၂ % ကောက်ခံရေးနှင့်ပတ်သက်၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ရမည့် တာဝန်များ၊ အခွန်နှုတ်ယူခြင်းခံရမည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ တာဝန်များ စသည်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)