ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဇလွန် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာ ချောင်ချိစေရေးအတွက် အခြေခံစားသောက် ကုန်ဖြစ်သော ကြက်ဥအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီး ဌာနရုံး တွင် ရောင်းချပေးခဲ့သည်။

ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန်နှင့် သက်သာ ချောင်ချိစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥကို ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးကို (၂၂၀၀) ကျပ်နှုန်းဖြင့်  ရောင်းချပေးခဲ့သည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)