ပုသိမ် စက်တင်ဘာ ၈
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအား အောင်နိုင် ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက် ပေးပြီး ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင် မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် အလေးမ အားကစားနည်းသည် အားထားရသည့် အားကစားတစ်ခု ဖြစ်ပြီး ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပါကြောင်း၊ ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိမည် ဟု မျှော်လင့်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားတွင် ထူးချွန်သကဲ့သို့ ပညာရေး ဘက်တွင်လည်း မလစ်ဟင်းရအောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထပ်မံမွေးထုတ်ပေးနိုင်ရေး အတွက် လူငယ်နှင့် အားကစားကဏ္ဍ တိုးတက်လာစေရေးအတွက် ပညာရေးနှင့် အားကစားကို တွဲဖက်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ၏ အောင်မြင်မှုရရှိသည့် အားကစားနည်းဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင် သွားကြရန်မှာကြားလိုပါကြောင်း၊ ကျန်းမာရေးကို လည်း အထူးဂရုစိုက်ကြစေလိုကြောင်းနှင့် အောင်မြင်မှုများ ရရှိပါစေကြောင်း” အမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး အလေးမအသင်း မှ တာဝန်ရှိသူများ ထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)