လားရှိုး စက်တင်ဘာ ၈
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်၊ သစ်တောသစ်ပင်ကျေးဇူးရှင် စိုက်ပျိုးထာဝစဥ်၊ ပြည်ခွင်သာယာဖွံ့ဖြိုးရေး သစ်တောဖြည့်ဆည်းပေး" ဆိုသည့်အတိုင်း နိုင်ငံတဝန်းတွင် သစ်ပင်များစိုက်ပျိုးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များက ယမန်နေ့နံနက်ပိုင်းတွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များ စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် လားရှိုးမြို့တွင် စက်မှုကုန်ကြမ်း သီးနှံပင် (၁၀၀) ပင်၊ ရတနာတန်းဝင်ပင် (၁၃၃၀) ပင်၊ အရိပ်ရလေကာပင် (၃၀၀၀) ပင် စုစုပေါင်း အပင် (၄၅၃၀) ပင်အား စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)