သံတောင်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေလွဲ ပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သံတောင်ကြီး စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွဲ ပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းဦးက  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရရှိသည့် ကျေးရွာများက ကျေးရွာများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ရန်၊ ကျေးရွာတစ်ရွာလျှင် ရရှိသည့် (VDP)ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မတီဝင်များမှ  စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ရရှိသည့် ကျေးရွာ(၇)ရွာအား ရန်ပုံငွေများလွဲ ပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များကလက်ခံရယူခဲ့ကြောင်း သိရသည်။

နော်နော်မူ