မန္တလာတက္ကသိုလ်၏ လူငယ်သီတင်းပတ်ပွဲတော် ပိတ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေး စက်တင်ဘာ ၈

၂၀၂၃ ခုနှစ် စက်တင်ဘာလ(၄)ရက်မှ (၈)ရက်နေ့အထိ မန္တလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် လူငယ်သီတင်းပတ်ပွဲတော် ပိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် မန္တလာတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမရပူရခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်စန်းစန်းဝင်းက အနာဂတ်တွင် အားထားရမည့် လူငယ်၊လူရွယ်များအား ကိုယ်၊စိတ်နှစ်ပါး ကြံ့ခိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လူငယ်သီတင်းပတ်‌ပွဲတော်တွင် နေ့ရက်အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက တေးသီချင်း၊ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)