မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းခုတ် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အ-ထ-ကကျောင်း ပညာရတနာခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ-ထ-က ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးကဦးဆောင်၍ လူငယ်စကားဝိုင်းဆွေးနွေး ဆောင်ရွက်ကြရာ Grade-12 ကျောင်းသူ မသဇင်ထွန်းမှ “လူငယ်နှင့်မလိုလားအပ်သော အလေ့အထများ”၊ Grade-11 ကျောင်းသူ မအေမီပွင့်ပွင့်နိုင်မှ  “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ Grade-12 ကျောင်းသူ မပန်းမြဖြူမှ “လူငယ်နှင့်ကျန်းမာရေး” စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော  ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးနှင့် အလယ်တန်းပြဆရာမ ဒေါ်ဇင်မာဆွေတို့က ခေါင်းစဥ်အလိုက် ဖြည့်စွတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီတာအေး ပြန်/ဆက်