တောင်ငူမြို့နယ်၌ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ငူ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင် နောင် အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင်များသည် တောင်ငူ မြို့နယ်၌ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က “တောင်ငူမြို့နယ်၏ မြေအသုံးချမှု အခြေအနေ၊ မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိမှု အခြေအနေ၊ နွေစပါးစိုက်ပျိုးထုတ်လုပ်ရန်လျာထားချက်နှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိမှု အခြေ အနေ၊ စပါးအထွက်နှုန်းတိုးတက်ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ပိုမိုသုံးစွဲစိုက်ပျိုးမှု အခြေအနေ၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းဆီထွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်လျာထားချက်နှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်မည့်အစီအစဥ်၊ ဆောင်းပဲတီစိမ်း၊ မတ်ပဲစိုက်ပျိုး ထုတ်လုပ်မည့် အစီအစဥ်၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေးနှင့် သီးထပ်တိုးချဲ့စိုက်ပျိုးရေး၊ တိရိစ္ဆာန်များအား တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်မွေးမြူ ထားမှုအခြေအနေ စသည်တို့ကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင်များက စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ် တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)