ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်း အနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က အမှတ်(၄) ရပ်ကွက်၊ မြို့ဝင်လမ်းဘေး၊ ဦးမောင်မောင်ကျင်၏ (၁)ဧကရှိမြေလွတ်မြေကွက်တွင် ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုး၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယစိုက်တိုးမြှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများမှ တက်ရောက်ကြ ကာ ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအား ကြဲပက်ခဲ့ကြသည်။

လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှေအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင် ကြောင်း၊ အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွား စေနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတု အခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)