ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်

မောင်တော စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက် သော နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနားကို ယမန်နေ့ ညနေ  ၃ နာရီအချိန် အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ တွင်ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးချစ်သိန်းက ယူနက်စကို ညွန်ကြားရေးမှူးချုပ်မှ ပေးပို့သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ပေါ်ပေါက် လာရခြင်း၊ မြန်မာနိုင်ငံမှ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် လှုပ်ရှား ဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စာတတ်မြောက်ရေးအတွက် ကာလအပိုင်းအခြား (၃)ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ မှုများနှင့် ထိုသို့ လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ချီမြှင့်ခံခဲ့ရသည့် ဆုလာဘ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ၂၀၂၃ ခုနှစ် စက်တင်ဘာ   ၈ ရက်နေ့တွက် ကျရောက်သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော  မောင်တောခရိုင်အဆင့် ပန်းချီ၊ ပိုစတာ၊  စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဇော်လင်းဦး၊ ကျောင်းအုပ်ဆရာ၊ ဆရာမ ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)