ပူတာအိုမြို့၌ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏၂၀၂၂-၂၀၂၃-ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ပူတာအို   စက်တင်ဘာ   ၁၀

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးဆရဲမနမ်း၊ မြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်း၊ဒုတိယဉက္ကဋ္ဌ ဦးမလောင်ဒေးဗစ်တို့က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြပြီးရှေးဦးစွာမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယ ဉက္ကဋ္ဌ ဦးမလောင်ဒေးဗစ်က ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့ဝင် ဦးမနားဖုန်အောင်က မြို့နယ်  ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏၂၀၂၂-၂၀၂၃ခုနှစ် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့်အသင်း၏ ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးပြောကြားပြီး အစည်းအဝေးတက်ရောက်လာသည့် မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်နှင့်အဖွဲ့ဝင်များ၊ရပ်ကွက်/ ကျေးရွာအထောက်အကူပြုကော်မတီများ၊ရပ်မိရပ်ဖများက အသင်း၏ရှေ့လုပ်ငန်းစဉ်များနှင့်ပတ် သက်၍ အကြံပြုဆွေးနွေးမေးမြန်းခဲ့ကြကာ သဘာပတီအဖွဲ့က ဆွေးနွေးမေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အသင်း၏ရှေ့လုပ်ငန်းစဉ်(၅)ချက်အား အစည်းအဝေးတက်ရောက်လာသူများ၏ သဘော တူညီချက်အရ သဘာပတိအဖွဲ့က အတည်ပြုခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ရဝမ် စာပေနှင့် ယဉ်ကျေးမှုအသင်း ဘဏ္ဍာရေးမှူး ဦးခန်ထီးခင်တန်က ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေထွက်ငွေ နှင့်ရန်ပုံငွေသုံးစွဲမှုရှင်းတမ်းများကိုရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှု အသင်း ဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ကျေးဇူးတင်စကားနှင့်နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။

ဖုန်ကန်(ပူတာအို)