အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ်နည်းပညာ သင်တန်း(ရက်ကန်းဒီဇိုင်း) ဆင်းပွဲကျင်းပ

ပေါက်ခေါင်း     စက်တင်ဘာ     ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ်နည်းပညာ (ရက်ကန်းဒီဇိုင်း)သင်တန်း(ပထမအကြိမ်) ဆင်းပွဲအခမ်းအနားကို ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်အုပ်စု၊ ကြိုးကြာကျေးရွာ၊ နှစ်ခြင်း ဘုရားရှိခိုးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်ဆင်းအမှာစကားပြောကြားပါသည်။
ထို့နောက် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး  ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၃)ဦးမြင့်စိုးမှ သင်တန်းသူတစ်ဦးအား သင်တန်းထုတ်ကုန်ပစ္စည်း များ ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

တိုင်းရင်းသားရိုးရာ ဂျပ်ခုပ်နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း)သင်တန်းတွင် တိုင်းရင်းသား ရိုးရာပုဝါအမျိုးမျိုး၊ တိုင်းရင်းသားရိုးရာ အထည်များနှင့် လွယ်အိတ်အမျိုးမျိုး ရက်လုပ်နည်းများ ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ဒုတိယအကြိမ် မွမ်းမံသင်တန်း ကို (၂၆-၉-၂၀၂၃ မှ ၁၀-၁၀-၂၀၂၃ အထိ) ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဤသင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦးအား ရွေးချယ်ကာ လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန် ကျပ် ၁၀ သိန်းနှင့်ညီမျှသော ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)