မိုးနဲမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းပိတ်စိုက်ပျိုး
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၆)ရှိ တောင်သူ-ဦးစိုင်းအေထွမ်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထားသည့် လယ်မြေနေရာ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၆) တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းပိတ်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရာသည်။