သတင်းများ

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်လှစ်
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။
သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရှမ်းပြည်နယ်ရှိ ဝန်ထမ်းများ၊ အသင်းသားများ၊ မိုးစပါးစိုက်တောင်သူများ တွေ့ဆုံ
Sep 12,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရသည် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် သင်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)၌ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကလောမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်လှစ်
Sep 12,2023
လယ်ယာကဏ္ဍတွင် စက်ကိရိယာများ အစားထိုးသုံးစွဲ၍ တောင်သူများ လယ်ယာသုံးစက်ကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုမောင်းနှင် ထိန်း သိမ်းတတ်စေရန်၊ ဒေသခံတောင်သူအချင်းချင်း နည်းပညာဆင့်ပွား ပေးနိုင်ရန်နှင့်တောင်သူများ လက်ဝယ်၌ လယ်ယာသုံး စက်ကိရိယာပိုင်ဆိုင်မှု တိုးတက်မြင့်မားလာပြီး၊ စက်မှုလယ်ယာစနစ်သို့ လျှင်မြန်စွာ ကူးပြောင်းနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ စက်မှုလယ်ဦးစီးဌာန၊ အမှတ် (၆၅) စက်မှုလယ်ယာ စခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ငုတ်ကျေးရွာအုပ်စု၊ နန်းရုပ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Sep 12,2023
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
“ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်၊ လူရွယ်များ ဖြစ်ပေါ်လာစေရန် လူငယ်စကားဝိုင်းကျင်းပ”
Sep 12,2023
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ပြောင်မြောက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မိုင်းခတ်မြို့နယ်၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်‌
Sep 12,2023
မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်‌ရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတရသစာအုပ်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
နေပြည်တော် ပျဉ်းမနားမြို့နယ် အ.ထ.က(၁)၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကျင်းပ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး
Sep 12,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကလောမြို့နယ် Community Centre ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။