သတင်းများ

နတ်မောက်မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ
Sep 12,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့ နယ်စပ် လူဝင်၊ လူထွက်ဂိတ်များမှ တရားဝင် (၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင်ငံ ဝင်/ထွက်ကဒ်(တစ်ခါသုံးကဒ်)များဖြင့် စတင် ဝင်/ထွက် သွားရောက်နိုင်
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ် လူဝင်/ထွက်ဂိတ်များနှင့် ကူးသန်းရောင်းဝယ်ရေး နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် ၂၀၂၁ခုနှစ်၊ မတ်လကုန်ပိုင်းမှစ၍ နှစ်နိုင်ငံလူဝင်/ထွက်နှင့်ကူသန်းရောင်းဝယ်မှုတို့အား ခေတ္တယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှစ၍ ကူးသန်းရောင်းဝယ်ခြင်းနှင့် လူဝင်/ထွက်ဂိတ်များကို နှစ်နိုင်ငံ ဝင်/ထွက်စာအုပ် (BP)စာအုပ်များအား စတင်ပြုလုပ်ပေးခဲ့ကာ ဝင်/ထွက်သွားလာနိုင်ခဲ့သည်ဖြစ်ရာ စက်တင်ဘာလ(၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီမှစ၍ မြန်မာနိုင်ငံမည့်သည့်ဒေသမှ ပြည်သူကိုမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင် (၆)ညအိပ် (၇)ရက် နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား (TBP)-တစ်ခါသုံးကဒ်များကို စတင်ပြုလုပ် ဆောင်ရွက်လျက်ရှိရာ တစ်ခါသုံးကဒ်ဖြင့် နယ်စပ်ဂိတ်များမှ ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့နယ်၊ အောက်နမ့်ဟွယ်ကျေးရွာရှိ အလိုတော်ပြည့်စေတီတော်အတက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ပန်းခင်းစီမံချက်(၂)အရ မေတ္တာစံအိမ် မိဘမဲ့ဂေဟာမှ ကလေးသူငယ်များအား နိုင်ငံသားမှတ်ပုံတင်ကဒ်များ ပြုလုပ်ဆောင်ရွက်ပေး
Sep 12,2023
ဌာနဆိုင်ရာဝန်ထမ်းအလှူရှင်များနှင့် ဒေသခံပြည်သူစေတနာ့ရှင်၊ အလှူရှင်များစုပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရှိ အလိုတော် ပြည့်စေတီတော်အတက်လမ်း ကွန်ကရစ်လမ်းဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားနှင့် ပန်းခင်းစီမံချက်(၂)အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဇေယျမင်္ဂလာကျေုာင်းတိုက်အတွင်းရှိ မေတ္တာစံအိမ် မိဘမဲ့ဂေဟာမှ ကလေးသူငယ်များကို နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်(၁၀:၀၀)အချိန်က လမ်းဖွင့်ပွဲအခမ်းအနားနှင့်အတူ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
သီပေါမြို့ ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ဘော်ကြိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ နှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့တွေ့ဆုံဆွေးနွေး
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆီဆိုင်မြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ “ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာရေးဆိုင်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာရေးဆိုင်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)အဖွဲ့များ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိစေရန်၊ အနာဂတ်သားကောင်းရတနာများ ထူးချွန်ထက်မြက်သည့် လူငယ်များ အသိပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိသည့် ဗလငါးတန်ဖွံ့ဖြိုးနိုင်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁:၀၀ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်စိုင်းအုပ်စု၊ ကတ်ဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.ကခွဲ)၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းဆမ်တစ်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သရက်မြို့၌ ဆေးဆိုင်များအား ကလေးအဟာရဖြည့်စွက်စာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး
Sep 12,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆေးဆိုင်များအား ကလေအဟာရ ဖြည့်စွက်စာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဆေးရောင်းချသည့်ဆိုင်များကို လိုက်လန်စစ်ဆေးခဲ့ကြသည်။