မိုးနဲ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၆)ရှိ တောင်သူ-ဦးစိုင်းအေထွမ်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထားသည့် လယ်မြေနေရာ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၆) တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းပိတ်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရာသည်။
မိုးစပါးကွင်းပိတ် စိုက်ပျိုးရာနေရာသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ကွင်တာဝန်ခံများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း မိုးစပါးလယ်လျာထားဧက (၉၅၉၅) ဧကရှိပြီး ယနေ့တွင် ကွင်ပိတ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မိုးစပါးလျာထားဧက ပြည့်မီအောင်စိုက်ပျိုးရာတွင်လည်း တောင်သူပညာရေးလုပ်ငန်း များနှင့် မိုးစပါးစိုက်ခင်းများ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက်ရှိပြီး နည်းပညာနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို မျိုးစေ့ထုတ်တောင်သူများကိုလည်း မြေဩဇာများ ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)