သရက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကင်းလွတ်ရာသို့ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁:၃၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၃၄)ဦးအတွက် ဆန်ရိက္ခာ ဖိုး(၇)ရက်စာနှင့် နှာခေါင်းစည်း(Mask)များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုတို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ထို့နောက် အလှူငွေများပေးအပ်ရာတွင် ရေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု(၄)စုလူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ(၂၅၂၀၀)ကျပ်/၊ ပိဿလိမ်းကျေးရွာအတွက် အိမ်ထောင်စု(၃၅)စု၊ လူဦးရေ(၁၅၄)ဦးအတွက် ဆန်ရီက္ခာဖိုး(၇၀၇၄၀၀)ကျပ်/နှင့် လေးတိုင်စဉ် ကျေးရွာအိမ်ထောင်စု(၇)စု လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၈၈၀၀)ကျပ်၊ နှာခေါင်းစည်း(Mask) ၂၃၄ ခုကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေး စာရေးများက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)