ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်တလုံးကြီး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက “သင့်ပတ်ဝန်းကျင် သာယာဖို့ တတ်နိုင်သလောက် ထိန်းကြစို့”ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေး ဟောပြော၍ ဟောပြောပွဲသို့တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(ခွဲ)နောင်ခဲမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး (Montreal Protocol: Fixing the Ozone Layer and Reducing Climate Change)”ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို အ.ထ.က ကျောက်တလုံးကြီး၌ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း