သရက်မြို့၌ အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

သရက် စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDp)အစီအစဉ်အရ သရက်မြို့နယ် အားကစားနှင့်ကာယပညာဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းခြင်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက တေဇအားကစးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြးထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပထမနှင့် ဒုတိယဗိုလ်လုပွဲအဖြစ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အသင်းနှင့်အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းသို့ ယှဉ်ပြိုင်ကြရာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအသင်မှ အနိုင်ရရှိကာ ပထမရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ပြုင်ပွဲတွင် ဆုရရှိသည့်အသင်များအားနေရာအလိုက် အကောင်းဆုံးရရှိသည့် ကစားသမားများအား ဆုမျာအသီးသီးချီးမြှင့်ပေးရာတွင် ပင့်ထောင်အကောင်းဆုံးဆု၊ နောက်ထောက် အကောင်းဆုံးဆု၊ ရိုက်ခုတ်အကောင်းဆုံးဆု၊ ပွဲစဉ်တလောက် အကောင်းဆုံးဆုနှင့် တစ်ဦးချင်း ဆူတံဆိပ်များအား ဒုတိယမြို့နယ်ပညာရေးမှူးနင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက အသီးသီးချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)