မူဆယ်မြို့ နယ်စပ် လူဝင်၊ လူထွက်ဂိတ်များမှ တရားဝင် (၇)ရက်နေထိုင်သွားလာခွင့် နှစ်နိုင်ငံ ဝင်/ထွက်ကဒ်(တစ်ခါသုံးကဒ်)များဖြင့် စတင် ဝင်/ထွက် သွားရောက်နိုင်
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ် လူဝင်/ထွက်ဂိတ်များနှင့် ကူးသန်းရောင်းဝယ်ရေး နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် ၂၀၂၁ခုနှစ်၊ မတ်လကုန်ပိုင်းမှစ၍ နှစ်နိုင်ငံလူဝင်/ထွက်နှင့်ကူသန်းရောင်းဝယ်မှုတို့အား ခေတ္တယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှစ၍ ကူးသန်းရောင်းဝယ်ခြင်းနှင့် လူဝင်/ထွက်ဂိတ်များကို နှစ်နိုင်ငံ ဝင်/ထွက်စာအုပ် (BP)စာအုပ်များအား စတင်ပြုလုပ်ပေးခဲ့ကာ ဝင်/ထွက်သွားလာနိုင်ခဲ့သည်ဖြစ်ရာ စက်တင်ဘာလ(၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီမှစ၍ မြန်မာနိုင်ငံမည့်သည့်ဒေသမှ ပြည်သူကိုမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင် (၆)ညအိပ် (၇)ရက် နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား (TBP)-တစ်ခါသုံးကဒ်များကို စတင်ပြုလုပ် ဆောင်ရွက်လျက်ရှိရာ တစ်ခါသုံးကဒ်ဖြင့် နယ်စပ်ဂိတ်များမှ ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။