ဟိုပန်၌ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့်ဆုပေးပွဲ ကျင်းပ

ဟိုပန် စက်တင်ဘာ ၁၂ 

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌနှင့်တာဝန်ရှိသူများ၊ ဒုတိယမြို့ နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ကျောင်းသားကျောင်းသူများက အခမ်းအနားကို (ဂရုဏာရှင်)သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာမိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်နန်းခမ်းပန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူ များ၊ ကျင့်ဝတ်(၅၀)ပြိုင့်ပွဲ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌဦးသိန်းဝင်းက နိဂုံးချုပ်စကားပြောကြားကာ တက်ရောက်လာသူများက မိုင်းအသိပညာပေးပြသထားသော ပြဘုတ်များကို ကြည့်ရှု အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်