မိုင်းခတ် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် သားသတ်လုပ်ငန်းလိုင်စင်ရယူထားသည့် ဆိုင်များအား သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိကို ယနေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းစိုးရာဇာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများပါဝင်သည့်အဖွဲ့မှ မြို့နယ်အတွင်းရှိ အသားရောင်းဆိုင်များသို့ အသားဈေးနှုန်းများကို အများမြင်သာအောင် အသားရောင်းဆိုင်ရှေ့တွင်ဆိုင်းဘုတ်ဖြင့် ချိတ်ဆွဲကာရောင်းချနိုင်ရေး၊ ဌာနမှသတ်မှတ်ထားသည့် အသားဈေးနှုန်းများအတိုင်း လိုင်စင်ရရှိသူများမှသာ ရောင်းချစေရေး၊ ရောင်းချသည့် အသားများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ အလေးချိန်မှန်မမှန်၊ ရေထိုးရောင်းချမှုမရှိစေရေး၊ သတ်မှတ်ပေးသည့် ဈေးနှုန်းထက်ပိုမိုဝယ်ယူခွင့်မရှိစေရေးတို့ကို လိုက်လံစစ်ဆေးမှုခဲ့ကြသည်။
နိုင်ငံထုတ်ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်မှသတ်မှတ်ထားသည့် လမ်းညွှန်ချက်များအနက် ကြက်၊ ဝက်၊ အမဲနှင့် ဆိတ်စသည့် အသားဈေးနှုန်းများ မြင့်တက်လာခြင်းများအပေါ် ကြမ်းခင်းဈေးများကို လျော့ချနိုင်ရေးတို့အတွက် လိုက်လံစစ်ဆေးမှုများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)