ကျိုင်းတောင်းမြို့ အ.မ.က(လုံကောင့်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတောင်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိစေရန်အတွက် နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်တွင် အခြေခံပညာမူလတန်းကျောင်း(လုံကောင့်)၌ ကျင်းပပြုလုပ်ခဲ့သည်။

နယ်လှည့်ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများအား အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ စာပေများကို ဖတ်မှတ်လေ့လာရမည့် အကြောင်းအရာများ၊ စာပေဖတ်မှတ်လေ့လာခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိနိုင်သည့် စာပေများကိုလည်း ရွေးချယ်၍ ဖတ်မှတ်လေ့လာမှတ်သားရမည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာ ပေးနံရံကပ်စာစောင်များ၊ ဒေသဖွံ့ဖြိုးရေးမှတ်တမ်း နံရံကပ်ဓာတ်ပုံများကို ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)