ဘီးလင်းမြို့နယ်တွင် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ဘီးလင်း စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊မြို့နယ်အားကစားမှူး  ဒေါ်သန်းသန်းရွှေက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးသူငယ်များစစ်မှု့ထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)