နတ်မောက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အမှာစကားပြောကြားရာတွင် ၂၀၂၃ -ခုနှစ်၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အတွင်း အမျိုးသမီးခေတ်ဟောင်း ကာလပေါ်တေးအဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အတွင်း အမျိုးသားအကယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်အတွင်း အမျိုးသားခေတ်ဟောင်း ကာလပေါ်တေးအဆို ယှဉ်ပြိုင်ခြင်း၊ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသားအကယှဉ်ပြိုင်ခြင်းများဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသာများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် ဆုရပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများဖြင့် ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
လှဝင်း