သတင်းများ

ပလောက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ပလောက်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ငပုတောမြို့ အခြေခံပညာအလယ်တန်းကျောင်း(၂)ထပ်ဆောင်သစ် ဆောက်လုပ်မည့်မြေနေရာ မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္လာ အခမ်းအနားကျင်းပ
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာ အလယ်တန်းကျောင်း (၂)ထပ်ဆောင် သစ်ဆောက်လုပ်မည့် မြေနေရာ မြေသန့်ခြင်းမင်္ဂလာနှင့် ပန္နက်တက်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး ကော့သောင်းခရိုင်နှင့်‌ မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Jul 23,2025
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား Unique Identity (UID) ကတ်များ ပြုလုပ်ပေး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းဦးနှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်ထုတ်ယူရာတွင် လွယ်လွင့်တကူဖြစ်စေရန်အတွက် UID (Unique Identity) ကတ်များကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ပြုလုပ်ပေးလျက်ရှိကာ ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁) ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်
Jul 23,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေရာများ တွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယနေ့ နံနက် (၁၀:၀၀)နာရီ အချိန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့်  UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Jul 23,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကျွန်းစုမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်း၌ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2025
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးကာ ချမ်းအေးသာစံမြို့နယ် အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ် ကြခတ်ကုန်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်း-ကျောင်းစု-ကလ ကျေးရွာချင်းဆက် လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတား တည်ဆောက်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ကြည့်ရှုစစ်ဆေးခဲ့သည်။