ချမ်းအေးသာစံ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းဦးနှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်ထုတ်ယူရာတွင် လွယ်လွင့်တကူဖြစ်စေရန်အတွက် UID (Unique Identity) ကတ်များကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ပြုလုပ်ပေးလျက်ရှိကာ ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁) ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID (Unique Identity) ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့် ဝန်ထမ်းများက ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်