သတင်းများ

လယ်ဝေးမြို့နယ် စိုက်ပျိုး‌ရေးကြီးကြပ်မှုကော်မတီမှ နွေစပါးနှင့် နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 15,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၏ ဦးဆောင်မှုဖြင့် ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာရှိ တောင်သူအသိပညာပေး စင်တာ(KC)တွင်  နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေး
Mar 15,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာရှိဧည့်ခန်းမတွင် စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ လုံခြုံရေးအဖွဲ့များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 15,2025
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်
Mar 15,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ပန်းချီရေးဆွဲရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို Community Centre ခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပူတာအိုခရိုင် (Community Centre) ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန) သင်တန်းဖွင့်လှစ်
Mar 15,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ်ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနနှင့် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Mar 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနတို့ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်ပူဇော်ခြင်း ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားသို့တက်ရောက်
Mar 15,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စစ်တွေမြို့၊ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော်ဓာတ် စေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက အဆိုပါစေတီတော် ဓမ္မာရုံ၌ကျင်းပရာ စစ်တွေမြို့၊ ကြွဖြူဘုန်းတော်ကြီးကျောင်း တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဆိပ်ဖြူမြို့နယ်တွင် မြန်မားရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော်အား ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲ
Mar 15,2025
မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မားရိုးရာသနပ်ခါးယဉ်ကျေးမှုပွဲတော်အား ယနေ့နံနက် ၈ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။