ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Mar 13,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး သစ်ပင်ပန်းမံများဖြင့်စိမ်းလန်းစိုပြည်နေစေရေး ဘဏ္ဍာငွေများခွဲဝေချထားပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် (၆)နာရီခွဲက မြစ်ကြီးနားမြို့ အဓိကလမ်းမကြီးများပေါ်တွင် သန့်ရှင်းသာယာလှရေးနှင့် ရာသီပေါ်ပန်းများဖြင့် ဖူးပွင့်ဝေဆာနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။