သတင်းများ

ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Mar 11,2025
စစ်ကိုင်းတိုင်​ဒေသကြီး​၊ ရွှေဘိုခရိုင်စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ၏ အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများ၏ အခွင့်အရေးများကို အလေးထား လိုက်နာအကောင်အထည်ဖော်နိုင်စေရန်အတွက်ရည်ရွယ်ပြီး ကမ္ဘာ့စားသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၉)နာရီချိန်က ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းသ​ပြေညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဒုတိယပတ် ဆက်လက်သင်ကြားပေး
Mar 11,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲအကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဒုတိယပတ်ကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရွှေစာရံဘုရားပွဲတော် ဖွင့်ပွဲစည်ကားသိုက်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများကြီးကြပ်ဆောင်ရွက်
Mar 11,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၇၇)ကြိမ်မြောက် သစ္စာဓိဋ္ဌာန်ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းကို မတ်လ ၁၀ ရက် နံနက် ၇ နာရီက စတင်ကာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။
မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွား‌သော ဝန်ထမ်းများအား မိသားစုပင်စင် ချီးမြှင့်ငွေများပေးအပ်
Mar 11,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား (၉၇)ကြိမ်မြောက် မိသားစုပင်စင်ချီးမြှင်ငွေများပေးအပ်ခြင်းကို ယနမန်‌နေ့နံနက်ပိုင်းက မြစ်သားမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ပေးအပ်ခဲ့ကြောင်း သိရသည်။
Advocacy Meeting for School Based TB ACF ကျောင်းအခြေပြု တီဘီရောဂါ အရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း အသိပေးရှင်းလင်း
Mar 11,2025
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား/သူများအားတီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းရှာဖွေ ကုသပေးခြင်းလုပ်ငန်းအတွက် Advocacy Meeting for School Based TB ACF ကျောင်းအခြေပြု တီဘီရောဂါ အရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 11,2025
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
Mar 11,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ မလှိုင်မြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၂၀၇၈)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် တပေါင်းပွဲတော်(ဗုဒ္ဓပူဇနိယပွဲတော်) စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်
Mar 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် မတ်လ(၈)ရက်နေ့မှစတင်၍ တပေါင်းပွဲတော် (ဗုဒ္ဓပူဇနိယပွဲတော်)အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ၎င်းပွဲတော်အား မတ်လ(၁၅)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။