ငပုတောမြို့ အခြေခံပညာအလယ်တန်းကျောင်း(၂)ထပ်ဆောင်သစ် ဆောက်လုပ်မည့်မြေနေရာ မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္လာ အခမ်းအနားကျင်းပ

ငပုတော ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အခြေခံပညာ အလယ်တန်းကျောင်း (၂)ထပ်ဆောင် သစ်ဆောက်လုပ်မည့် မြေနေရာ မြေသန့်ခြင်းမင်္ဂလာနှင့် ပန္နက်တက်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်္ဂလာအချိန်ကျရောက်သည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ‌အောင်ဆန်းဦးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ပန္နက်တင်ခြင်းမင်္ဂလာကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကျောင်းဆောင်သစ်သည် (၁၀၀ပေ x ၃၀ပေ) RCC (၂) ထပ်ကျောင်းဆောင်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းရန် ပုံငွေဖြင့်ရွှေနန်း ဗဟိုကုမ္ပဏီမှ သတ်မှတ်ကာလအမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခြေခံပညာမူလတန်း ကျောင်းဥယျာဉ်ကုန်းသို့ ရောက်ရှိပြီး (၆ဝပေx၃၀ပေ) ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများထံ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့ ဥယျာဉ်ကုန်း ရပ်ကွက်ရှိ မဟာရာဇာမုနိ အောင်တော်မူစေတီ‌တော်မြတ်အားသွားရောက်ဖူးမျှော်ကြည်ညှိပြီး စေတီတော်မြတ်ကြီးအား ကြည်ညိုသပ္ပာယ်စွာ ဖူးမျှော်နိုင်ရေးမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြားခဲ့သည်။

အောင်သူ(ပြန်/ဆက်)