သတင်းများ

မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်း​ကျောင်း(နောင်တုံ)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)သို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ဘားအံ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးစတင်ထိုးနှံ၊ ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ
Sep 19,2023
ကရင်ပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ပြင်ဦးလွင်မြို့ အောင်ပန်းတိုင်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 19,2023
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရှိ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ ရောဂါကိုကာကွယ်နိုင်ရန် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 19,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယမန်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့၌ ကျောင်းအခြေပြု အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးထိုးနှံပေး
Sep 19,2023
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျောင်းအခြေပြု အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ် ရေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၈)ရက်နေ့က အထက-ဘုတ်ပြင်းကျောင်းနှင့် မူလွန်အောင်မင်္ဂလာကျောင်းတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP) စတင်ထိုးနှံပေး
Sep 19,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP) ထိုးနှံပေးခြင်းကို ယမန်နေ့နေ့နံနက် (၉)နာရီအချိန်က အ.ထ.က(သဲတော- ဝမ်းတွင်း)တွင်  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရော၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ
Sep 19,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မူ တိုးတက်မြင့်မားစေရန်နှင့် ကျေးလက်နေပြည်သူလူထုများ စားသုံးဆီဖူလုံမှုရရှိစေရန်အတွက် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။