ဝမ်းတွင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP) စတင်ထိုးနှံပေး

ဝမ်းတွင်း   စက်တင်ဘာ    ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP) ထိုးနှံပေးခြင်းကို ယမန်နေ့နေ့နံနက် (၉)နာရီအချိန်က အ.ထ.က(သဲတော- ဝမ်းတွင်း)တွင်  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP) ထိုးနှံမှုတွင်  (၁-၉-၂၀၀၁ )ရက်နေ့မှ (၃၁-၈-၂၀၁၄) ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်များအားလုံးကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင်တာဝန်ရှိသူများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ခင်စန်းတင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း/မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ တာဝန်ရှိသူများက မူလတန်းကျောင်းသား/ကျောင်းသူ (၂၂၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ် ၄၇၅၆ ဦးကို သတ်မှတ်ဆေးထိုးစုရပ်အသီးသီးတွင် စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)