ဗိုလ်တထောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကျောင်းများတွင် စတင်ထိုးနှံနေပြီဖြစ်
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော ကျောင်းသူများအား စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကို ဗိုလ်တထောင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၈၊ ၉၊ ၂၀၂၃) တွင်လည်းကောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် (၁၉၊ ၉၊ ၂၀၂၃) တို့တွင်လည်းကောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် (၂၀၊ ၉၊ ၂၀၂၃) တို့တွင်လည်းကောင်း (၂၅၊ ၉၊ ၂၀၂၃) ရက်နေ့တွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းတို့တွင်လည်းကောင်း၊ (၂၆၊ ၉၊ ၂၀၂၃) ရက်နေ့တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က (၂)၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ် (၃) အခြေခံ ပညာမူလတန်းကျောင်းတို့တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV အား ဗိုလ်တထောင်မြို့နယ်ကျောင်း (၁၂) ကျောင်းမှ အသက် (၉) နှစ်မှ (၁၂) နှစ် မပြည့်သေးသောကျောင်းသူ စုစုပေါင်း (၉၇၈) ယောက်အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV အားထိုးနှံပေးသွားမည် ဖြစ်ပါသည်။