သတင်းများ

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ (၅၂) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသခြင်းများဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၂) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သာအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ
Sep 20,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်(၁၀)နာရီကအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး
Sep 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေး
Sep 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
ကာလိမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ပြင်ပဈေးနှုန်းထက် သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက်(၆)နာရီအချိန်က ကာလိမြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်း‌ငေါ့မြို့တွင် လူငယ်၊ လူရွယ်များ ဗလငါးသန်ဖွံ့ဖြိုးတိုးတက်ရေး “လူငယ်စကားဝိုင်း” ပြုလုပ်‌
Sep 19,2023
ရှမ်းပြည်နယ်၊(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ ဦးဆောင်ဆွေး‌ နွေးတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန  Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုး ဆက်ကပ်လှူဒါန်းခြင်းနှင့် သာသနာ ရေးဆိုင်ရာများ လျှောက်ထား
Sep 19,2023
မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် ဝါတွင်းကာလအတွင်း သီတင်းသုံးတော်မူနေကြသော ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြောင်းမြခရိုင် လူထုအ​ခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု (သို့မဟုတ်) လူ့အခွင့်အရေးချိုးဖောက်ခြင်း ခေါင်းစဥ်ဖြင့်  အမျိုးသမီးရေးရာအဖွဲ့ စာဖတ်ဝိုင်းဆွေးနွေးပြုလုပ်
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁:၀၀ နာရီအချိန်က မြောင်းမြမြို့နယ် အမျိုးသမီးရေးရာအဖွဲ့  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။