ဘုတ်ပြင်းမြို့၌ ကျောင်းအခြေပြု အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးထိုးနှံပေး

ဘုတ်ပြင်း စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျောင်းအခြေပြု အသက်()နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ် ရေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၈)ရက်နေ့က အထက-ဘုတ်ပြင်းကျောင်းနှင့် မူလွန်အောင်မင်္ဂလာကျောင်းတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက အသက် () နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများအား ဆေးမထိုးမီ ဆေးထိုးစာရင်းရေး သွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်း သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီးသည့် ကျောင်းသူများကိုလည်း မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထူးခြားမှုတစ်စုံတစ်ရာ ရှိ/မရှိ ကို ပူးပေါင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများတွင် ဆေးထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသူများကို ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)