သတင်းများ

လသာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သောလူငယ်စကားဝိုင်းကို ယမန်​နေ့၊ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်း​ကျောင်း၊ မြညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးမြို့နယ် အ.ထ.က (၂၁)တွင် လူငယ်စကားဝိုင်းပြုလုပ်
Sep 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ‌သောလူငယ်စကားဝိုင်းအခမ်းအနားကို စက်တင် ဘာလ ၁၈ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၊‌ ဌေးသန်းမြင့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးကွင်းဆင်းဆောင်ရွက်
Sep 20,2023
မိုးစပါးစိုက်ပျိုးရာသီတွင်ဖြစ်ပွားတတ်သည့် ဆစ်ပိုး၊ ခရုစသည့် စပါးဖျက်ပိုးမွှားများ အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝဲကလိ၊ ကမာအုပ်ကျေးရွာတွင် မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်သည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းရရှိရေးဟောပြောပွဲကျင်းပ
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ရွှေတောင်) အခြေခံပညာအထက်တန်းကျောင်းရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းသင်ယူမှုအခွင့်အလမ်းရရှိရေးဟောပြောပွဲ ကျင်းပခဲ့သည်။
ပန်းဘဲတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 20,2023
ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို အကျိုးရှိထိရောက်စွာ အသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁ဝ) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧကရီခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသည်။
ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ထိုးနှံပေး
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုနှံပေးရေးလုပ်ငန်းဖြင့် အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(အနောက်ရပ်)ကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး တွဲဖက်သင်ကြားမည့် အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာအထက်တန်း၊ တော်ဝင်ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ (၁) နာရီက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောပွဲကျင်းပသည်။