ကျိုက်မရော စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မူ တိုးတက်မြင့်မားစေရန်နှင့် ကျေးလက်နေပြည်သူလူထုများ စားသုံးဆီဖူလုံမှုရရှိစေရန်အတွက် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက တောင်သူမျာအား နေကြာစေ့ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးလှတင်မောင်က ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့၏အရည်အသွေးများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဆောင်းနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၂၉) အုပ်စုမှ တောင်သူများအား နေကြာမျိုးစေ့ ရေဆင်း (၁) စပ်မျိုးအိတ်များကို တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် ဆီရိက္ခာဖူလုံမှု အထောက်အကူဖြစ်စေရန် ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက် လျာထားဧက (၁၀၅၃) ဧက စိုက်ပျိုးရန်လျာထားပြီး အမှန်တကယ် စိုက်ပျိုးမည့်တောင်သူများထံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)