သတင်းများ

တာဝန်ယူမှုတာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ပေါက်လာရေးအတွက် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
Sep 21,2023
ကရင်ပြည်နယ်အတွင်း တာဝန်ယူမှုတာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ပေါက်လာရေးအတွက် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ပြုလုပ်သည့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။
ညောင်လေးပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝ သဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ကြံခင်းမြိုနယ်တွင် လေဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Sep 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော လေဘေးသင့်အိမ်ထောင်စု (၃)စု အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာသီရိခန်းမတွင် ထောက်ပံ့ပေးအပ်ကြသည်။
ပဲခူးမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီတွင် ပဲခူးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော
Sep 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီကျောင်းခန်းမတွင် ယမန်နေ့နံနက်က လူငယ်၊ လူရွယ်များ၊ ​ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်​ ပြီးပြည့်စုံစေရန်  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
Sep 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကောင်းမြတ်သာကိုယ်ပိုင် အထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကောင်းမြတ်သာကိုယ်ပိုင်အထက်တန်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ကောင်းမြတ်သာကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Sep 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းများနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို စက်တင်ဘာလ ၁၉ရက်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အ.မ.က လယ်ပေါ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 21,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။