နတ်မောက်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

နတ်မောက် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယမန်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချင်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးအဖွဲ့ (၅၇)ဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း( ၂၂၀)ကျောင်းဆေးထိုးစုရပ်တို့တွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ  အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းအခြေပြုထိုးနှံသူကျောင်းသူဦးရေ (၅၀၈၅)ဦးရှိကြောင်းနှင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ/ဆရာမများပူးပေါင်းပြီး ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများမဖြစ်စေရန် စောင့်ကြပ်ကြည့်ရှုပေးကြသည်။ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူမူစန်း