မိုင်းခုတ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မိုင်းခုတ်မြို့ရှိ အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)သို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများကို အကျယ်တဝင့်ဆွေးနွေးဟော ပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်နှင့်ကဗျာများ၊ အခြားအသိပညာပေးစာအုပ်များဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးကာ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့်၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)