သတင်းများ

မတ္တရာမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ
Sep 20,2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့ အ.ထ.က(မြို့သစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စပါးခင်းများရေနစ်မြုပ်ပျက်စီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စပါးခင်းများရေနစ်မြုပ် ပျက်စီးနေမှုများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်/ကြပ်ကော်မတီ) ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် မြို့နယ်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ကကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းသင်တန်း (၈/၂၀၂၃)နှင့် (၉/၂၀၂၃)တို့အား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Sep 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio)တွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၉နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာစာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ကျင်းပ​ပြုလုပ်ခဲ့​သည်။
တကောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးခြင်းဆောင်ရွက်
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၈)ရက်နှင့် (၁၉)ရက်တွင် အဆိုပါကျောင်းများရှိ ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၇)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့မစျေးအတွင်း မမော်ကုန်စုံဆိုင်တွင်  ရောင်းချပေးခဲ့သည်။