သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ

သဲကုန်း စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာစာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ကျင်းပ​ပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ယနေ့ခေတ်လူငယ်၊ လူရွယ်များမြန်မာစာပေကို ချစ်မြတ်နိုးတတ်စေရန်၊ မြန်မာစာပေရေးသားရာတွင် စာလုံးပေါင်းသတ်ပုံမှန်ကန်စေရန်၊မြန်မာစာပေကို အရေး၊ အပြောတို့တွင် မှားတတ်သော စကားလုံးများကိုသိရှိစေရန်၊ မြန်မာစာပေအရေးအသား ထူးချွန်ထက်မြက်စေရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားသည်။

အလယ်တန်းအဆင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲတွင် မြန်မာစာသတ်ပုံစာလုံးများအား အမှား၊ အမှန်ယှဉ်တွဲ၍ အမှန်ရွေးချယ်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်ပေးအပ်ခဲ့‌ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသောကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကိုကျော်(ပြန်/ဆက်)