သတင်းများ

ကော့သောင်းခရိုင်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ် ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် စာရေးသူ၊ စာဖတ်သူစကားဝိုင်းကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က စာရေးသူ၊ စာဖတ်သူစကားဝိုင်း ဆွေး‌နွေးကျင်းပခဲ့သည်။
ငဖဲမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
Sep 20,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်ပြီး လစဉ်ပုံမှန်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.မ.က(၇) နားမေတ္တာကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ်၌ ညအိပ် ညနေလာရောက်သူများ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိစစ်ဆေး
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ညအိပ် ညနေ လာရောက်သူများ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထင်လတ်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံ
Sep 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  သက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံခြင်းအခမ်းနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို ပန်းချီပြိုင်ပွဲကို ဝိုင်းမော်မြို့နယ် (Community Center) ၌ ကျင်းပ
Sep 20,2023
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အကြို ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့သည်။