မိုးကုတ်မြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်

မိုးကုတ် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်  ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းသင်တန်း (/၂၀၂၃)နှင့် (/၂၀၂၃)တို့အား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး​ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင်  ကြက်ခြေနီ၏အဓိပ္ပာယ်၊ ကြက်ခြေနီအခြေခံမူ()ချက်နှင့် ရှေးဦးပြုစုခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှုးဦးဆောင်၍ ကြက်ခြေနီနည်းပြဆရာ/ဆရာမများ၊ လူငယ်ကြက်ခြေနီကော်မတီဝင် စေတနာ့လုပ်အားရှင်များက စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် လူနာတစ်ဦးအားတွေ့ရှိပါက ဆန်းစစ်ရမည့်အချက်များ စသည်တို့ကိုသင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်း (/၂၀၂၃)တွင် ကျောင်းသား/သူ(၅၃)ဦး၊ (/၂၀၂၃)တွင် ကျောင်းသား/သူ(၅၇)ဦး စုစုပေါင်း (၁၁၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှ စက်တင်ဘာ (၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ ()ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)