ကွန်ဟိန်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့ နံနက် (၇)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့မစျေးအတွင်း မမော်ကုန်စုံဆိုင်တွင် ရောင်းချပေးခဲ့သည်။
စားသုံးဆီရောင်းချရာတွင် Grand Unity Company တို့နှင့် ကွန်ဟိန်းမြို့မစျေးအတွင်း မမော်ဆန်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးတို့ ပူးပေါင်းပြီး စားသုံးသူများ သက်သာချောင်ချိစေရန် ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီတစ်ဗူးလျှင် ငွေကျပ် (၄၅၀၀)နှုန်း၊ လူတစ်ဦးလျှင် တစ်ပိသာနှုန်းဖြင့် ဆီပိဿာ (၂၄၀)ပိဿာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးတို့က စားသုံးဆီ ရောင်းချနေမှုအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း (ပြန်/ဆက်)