လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

လားရှိုး  စက်တင်ဘာ ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio)တွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်၊ ဒုတိယဦးစီးမှုး ဒေါ်သန်းနွဲ့ဝင်းနှင့် ဝန်ထမ်းများက ပုံပြင်ပြောခြင်း၊ သင်္ချာစွမ်းရည်ပြိုင်ခြင်း၊ ပုံဆွဲပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲသို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအား အဟာရအဖြစ် မုန့်များပေးဝေခဲ့ကာ အသိပညာပေးကာတွန်းဇာတ်ကားများ ပြသခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)