ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စပါးခင်းများရေနစ်မြုပ်ပျက်စီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စပါးခင်းများရေနစ်မြုပ် ပျက်စီးနေမှုများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်/ကြပ်ကော်မတီ) ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် မြို့နယ်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ ရွှေတောင်မြို့နယ်၊ မြို့မအုပ်စု၊ ကွင်းအမှတ် (၄၄၄A၊ ၄၄၅A) ကွင်းအတွင်းရှိ မိုးစပါးစိုက်ဧကများ သီးနှံထိခိုက်ပျက်စီးမှု အခြေအနေများ၊ သာစီကုန်းကျေးရွာအုပ်စုကွင်းအမှတ် (၄၃၃၊ ၄၃၄၊ ၄၄၃) ကွင်းအတွင်းရှိ မိုးစပါးစိုက်ဧကများ သီးနှံထိခိုက်ပျက်စီးမှု အခြေအနေများ၊ ကျောက်ထရံအုပ်စုကွင်းအမှတ် (၅၁၃၊ ၄၁၃၊ ၅၁၄) ကွင်းနှင့် ရွှေဟင်္သါကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၁၆A၊ ၅၁၆B၊ ၅၂၀) ကွင်းများအတွင်းရှိ မိုးစပါးစိုက်ဧကများ သီးနှံထိခိုက်ပျက်စီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးကြည့်ရှုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်/ ကြပ်ကော်မတီ) ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် မြို့နယ်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါကွင်းဆင်း၍ မြို့နယ်စိုက်/ ကြပ်ကော်မတီဥက္ကဋ္ဌမှ ပျက်စီးဆုံးရှုံးသည့် နေရာများတွင် ပျိုးထောင်ထားရှိသည့် ပျိုးပင်များဖြင့် ပြန်လည်စိုက်ပျိုးရန်နှင့် ရက် (၉၀) စပါးမျိုးစိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)